
အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပေမဲ့ အသင်းအပေါ်မှာပဲအာရုံစိုက်ထားကြောင်း ချဲလ်ဆီး တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်က ပြောသွားပါတယ်။
ဆီနီဂေါတိုက်စစ်မှူးကို မန်ယူအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေတာပါ။
ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူးဒလတ်ဖ်နဲ့ ပတ်ဒရိုတို့ကိုခေါ်ယူထားတာကြောင့် နီကိုလပ်ဂျက်ဆင်အတွက် ပြိုင်ဆိုင်မှုတွေရှိလာပြီး ပွဲထွက်ခွင့်နည်း ပါးနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
နီကိုလပ်ဂျက်ဆင်ကတော့ အသင်းသားတွေကြားမှာ ပြိုင်ဆိုင်မှုဆိုတာမရှိဘဲ အားလုံးကို အသင်းကို ကူညီချင်တဲ့စိတ်သာရှိကြောင်း၊ ပွဲထွက်ခွင့်အတွက် နည်းပြရဲ့ဆုံးဖြတ်ချက်သာ အဓိကဖြစ်ကြောင်း ပြောပါတယ်။
မိမိရဲ့အနာဂတ်ကို ဘုရားသခင်ကသာ သိရှိနိုင်မှာဖြစ်ပြီး အပြောင်းအလဲတခုခုရှိလာမယ်ဆိုရင်လည်း အားလုံးသိရှိရမှာဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း နီကိုလပ်ဂျက်ဆင်က ပြောပါတယ်။
Photo: Reuters