
ချဲလ်ဆီးအသင်းဟာ အိုင်းယက်စ်အသင်းက ဟော်လန်နောက်ခံလူ ဂျော်ရယ်ဟာတိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဘယ်နောက်ခံလူဟာ ဟော်လန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
ဗဟိုခံစစ်မှာလည်း ကစားနိုင်တဲ့ ဟာတိုဟာ မနှစ်က အိုင်းယက်စ်နဲ့ ၃၁ ပွဲမှာ ၂ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူပါ။
ချဲလ်ဆီးအသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် စပိန်ကစားသမား ကူကူရယ်လာ ရှိနေပေမဲ့ ပွဲအများကြီး ကစားရမယ့်အခြေအနေမှာ ဟာတိုကို အရန်သင့်သုံးနိုင်ဖို့ စီစဉ်လာခဲ့တာပါ။
ဟာတို အတွက် ပေါင် ၃၇ သန်းနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီး အပြီးသတ်ခေါ်ယူမှုကို လာမယ့်ရက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။