
ချဲလ်ဆီးအသင်းဟာ ဟော်လန်လက်ရွေးစင်ကစားသမား ၂ ယောက် ဖြစ်တဲ့ ဇာဗီဆီမွန်နဲ့ ဟာတို တို့ကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
လိုက်ပ်ဇစ်တောင်ပံတိုက်စစ်ကစားသမားဆီမွန်ဟာ အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ထားပြီး ချဲလ်ဆီးအသင်းက ကစားသမားဖြစ်သူနဲ့ ဦးစွာ ဆွေးနွေးနေတာပါ။
ဆီမွန် ဘက်ကလည်း ချဲလ်ဆီး ဆီလာဖို့ ဆန္ဒရှိနေတာကြောင့် လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနိူင်းဖို့သာ ဆက်လက် ဆွေးနွေးသွားရဖို့ ရှိတယ်လို့ BBC အားကစားသတင်းမှာဖော်ပြပါတယ်။
နောက်ထပ် ဟော်လန်လက်ရွေးစင်ကစားသမားဖြစ်သူ ဂျိုဟို ဟာတိုက အသက် ၁၉ နှစ်ပဲရှိသေးပေမဲ့ အိုင်းယက်စ်မှာ အဓိကနောက်ခံလူအဖြစ် ၂ ရာသီဆက်တိုက် ပွဲထွက်ကစားနေသူဖြစ်ကာ ချဲလ်ဆီးအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။
အိုင်ယက်စ်နဲ့ ဆွေးနွေးမှု ပထမအဆင့်သာရှိသေးတာကြောင့် နှစ်ဖက်သဘောတူညီမူရဖို့ ဆက်လက် ဆွေးနွေးသွားရမှာဖြစ်ကြောင်း သိရပါတယ်။
Photo:Reuters