
ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ယာအိုဖဲလ်လစ်အတွက် ယူရိုသန်း ၅၀ နဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
မနှစ်ကရာသီက အေစီမီလန်ဆီ အငှားချခဲ့တဲ့ ဖဲလ်လစ်ကို ချဲလ်ဆီးအသင်းက သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတခုနဲ့ ရောင်းထုတ်နိုင်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဖဲလ်လစ်အတွက် ကနဦး ယူရိုသန်း ၃၀ ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ယူရိုသန်း ၂၀ ထပ်မံပေးချေရဖို့ ရှိတာပါ။
အသက် ၂၅ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမဲ့ ပုံမှန်ခြေစွမ်း မရှိတာကြောင့် ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေမှာ အငှားထွက်ကစားခဲ့ရတာပါ။
ဖဲလ်လစ်ဟာ အသင်းသစ် အယ်လ်နာဆာမှာ နိုင်ငံအသင်းဖော် စီရော်နယ်ဒိုနဲ့ ပြန်လည်တွဲဖက်ကစားရတော့မှာ ဖြစ်ပါတယ်။