
ချဲလ်ဆီးကရောင်းထုတ်တော့မယ့် တောင်ပံကစားသမား စတာလင်ကို လန်ဒန်မြို့ခံ ကလပ် ၃ သင်းက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။
အသက် ၃၀ နှစ်ရှိ လီဗာပူးနဲ့ မန်စီးတီး ကစားသမားဟောင်းဟာ မနှစ်ရာသီက အာဆင်နယ်မှာ အငှားထွက်ကစားခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ဘဲ ၂၇ ပွဲမှာ တဂိုးသာ သွင်းယူနိုင်ခဲ့သူပါ။
ချဲလ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိနေတဲ့ စတာလင်ကို နည်းပြမာရက်စ်ကာက သူ့ရဲ့ အနာဂတ်အစီအစဉ်မှာ ထည့်သွင်းထားခြင်းမရှိဘဲ ရောင်းထုတ်သွားမှာပါ။
စတာလင်ကို ဖူဟမ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ခရစ္စတယ်ပဲလေ့နဲ့ ဝက်စ်ဟမ်း အသင်းတွေကလည်း ချိတ်ဆက်နေတယ်လို့ talkSPORT သတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ပြင်သစ်တိုက်စစ်မှူး အနယ်ကာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေမှာ ကစားဖူးတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။