
ချဲလ်ဆီးအသင်းဟာ အိုင်းယက်စ်အသင်းက ဟော်လန်နောက်ခံလူ ဂျော်ရယ်ဟာတိုကို ပေါင် ၃၇ သန်းနဲ့ တရားဝင်စာချုပ် ခေါ်ယူခဲ့ပါတယ်။
ဟာတိုဟာ အခုနှစ်အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းရဲ့ ၈ ယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်ပြီး အသင်းနဲ့ ၇ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
မိမိရဲ့ကစားသမားဘဝကို နောက်တဆင့်မြှင့်တင်ချင်ပြီး ချဲလ်ဆီးအသင်းက အဲဒီလိုလုပ်ဆောင်ဖို့ အကောင်းဆုံးနေရာဖြစ်ကြောင်း နောက်ခံလူ ဟာတိုက ပြောပါတယ်။
အိုင်းယက်စ် အကယ်ဒမီကနေ ထွက်ပေါ်လာသူ ဟာတိုဟာ အသက် ၁၆ နှစ်ကတည်းက အသင်းကြီးမှာ ကစားခွင့်ရခဲ့ပြီး ဘယ်နောက်ခံလူနေရာနဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားနိုင်သူ ဖြစ်ပါတယ်။