
လီဗာပူးအသင်းဟာ စီးရီးအေကလပ် ပါးမားအသင်းက အီတလီလူငယ်နောက်ခံလူ ဂျီယိုဗန်နီ လီယွန်နီကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အီတလီယူ-၁၉ လက်ရွေးစင်ကစားသမားဟာ မနှစ်က ပါးမားအသင်းမှာ ၁၇ ပွဲကစားခဲ့ပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် ချီးကျူးခံနေရသူပါ။
လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့ နောက်ခံလူ ဂေဟီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့တိုင် လီယွန်နီကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
စီးရီးဘီကလပ် ပါဒိုဗာအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့သူ လီယွန်နီဟာ ၂၀၂၃ ခုနှစ်က ဆမ်ဒိုးရီးယားအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပါးမားအသင်းဆီထပ်မံပြောင်းရွှေ့ခဲ့သူဖြစ် ပါတယ်။
လီယွန်နီအတွက် ပေါင်သန်း ၃၀ အသုံးပြုရမယ့် လီဗာပူးဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ မှာ ပေါင်သန်း ၃၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
Photo:Reuters