Home
အားကစား
အာဆင်နယ်အသင်းကို ကောင်းမွန်စွာ နှုတ်ဆက်ခွင့်မရခဲ့ဟု နောက်ခံလူ ကီဝီယော ပြော
DVB
·
September 6, 2025
Photo: instagram

အာဆင်နယ်အသင်းကို ကောင်းမွန်စွာ နှုတ်ဆက်ခွင့်မရခဲ့ကြောင်း နောက်ခံလူ ကီဝီယောကပြော သွားပါတယ်။

အသက် ၂၅ နှစ်ရှိ ပိုလန်နောက်ခံလူဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပေါ်တိုအသင်းဆီကို ယူရို ၂၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားတာပါ။

အီတလီအပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမာနိုကကီဝီယောက အသင်းပြောင်းတော့မယ့်သတင်း တင်တဲ့အထိ အသင်းကနေ ထွက်ခွာရမယ်ဆိုတာ တိတိကျကျ မသိခဲ့ရလို့ အသင်းကနေ ထွက်ခွာချိန်မှာ ပြင်ဆင်ချိန်မရှိခဲ့သလို၊ ကောင်းမွန်စွာ နှုတ်ဆက်ခွင့်မရခဲ့ကြောင်း ကီဝီယောက ပြောပါတယ်။

ပိုလန်နောက်ခံလူဟာ မနှစ်က အဓိက နောက်ခံလူ ဂါဘရီယယ် ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ခြေစွမ်းပြခဲ့သူပါ။

အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ကွင်းထဲအထိဝင်ပြီး နှုတ်ဆက်ချင်ခဲ့ပေမဲ့ အသင်းဥမင်ထဲမှာ နှုတ်ဆက်ဖို့ အာဆင်နယ်ဘက်ကစီစဉ်ခဲ့တာကြောင့် ကောင်းမွန်စွာ နှုတ်ဆက်ခွင့်မရခဲ့ကြောင်း ကီဝီယောက ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013