
အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် လီဗာကူဆင်နောက်ခံလူ ဟင်ကာပီယယ်ကို ပေါင် ၄၅ သန်း နဲ့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းလိုက်ပါတယ်။
ဗဟိုခံစစ်နဲ့ ဘယ်နောက်ခံလူနေရာတွေမှာကစားနိုင်တဲ့ ဟင်ကာပီယယ်ဟာ အသက် ၂၃ နှစ်ရှိပြီး လီဗာကူဆင်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေသူပါ။
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၂ သန်းပေးချေမယ်ဆိုရင် ခေါ်ယူခွင့်ရမှာဖြစ်ပေမဲ့ အာဆင်နယ် အသင်းက ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာပါ။
အီကွေဒေါနောက်ခံလူဘက်ကလည်း အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် အပြောင်းအရွှေ့မပိတ်ခင် အပြီးသတ်နိုင်ဖို့ အာဆင်နယ်ဘက်က ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ နောက်ခံလူ ကီဝီယောနဲ့ ဇင်ချန်ကိုတို့ကို ရောင်းထုတ်ဖို့ရှိတာကြောင့် ဟင်ကာပီယယ်ကို ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters




