ခရစ္စတယ်ပဲလေ့ တိုက်စစ်ကစားသမား အက်ဇေးကို ခေါ်ယူရန် အာဆင်နယ် သဘောတူ
DVB
·
August 21, 2025

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့ တိုက်စစ်ကစားသမား အက်ဘာရတ်အက်ဇေးကို ခေါ်ယူဖို့ သဘောတူညီမှုရှိသွားပါတယ်။
တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဒဏ်ရာရရှိသွားပြီးနောက် အက်ဇေးကို ခေါ်ယူဖို့ အာဆင်နယ်က အရှိန်မြှင့်ကြိုးပမ်းခဲ့တာပါ။
အက်ဇေးဟာ ကနဦးမှာ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပြီး အာဆင်နယ်က ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ကြားဖြတ်ခေါ်ယူသွားခဲ့တာပါ။
အသက် ၂၇ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မနှစ်က ပဲလေ့နဲ့ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၄ ဂိုး သွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။