
အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် လီဗာကူဆင်နောက်ခံလူ ဟင်ကာပီယယ်ကို အပြီးသတ်ခေါ် ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပါတယ်။
အသက် ၂၃ နှစ်ရှိ အီကွေဒေါ နောက်ခံလူကို ရာသီကုန်ချိန်မှာ ပေါင် ၄၂ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ဟင်ကာပီယာအတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်သန်း ၅၀ လောက်ရှိပေမဲ့ အာဆင်နယ်က လီဗာကူဆင်နဲ့ ဆွေးနွေးပြီး ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
ဟင်ကာပီယယ်ကို ပြန်လည်ရောင်းချဖြစ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းရယူဖို့လည်း လီဗာကူဆင်နဲ့ သဘောတူခဲ့တယ်လို့သိရပါတယ်။
အာဆင်နယ်ဟာ အီကွေဒေါနောက်ခံလူကို ခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရှိ ပိုလန်နောက်ခံလူ ကီဝီယောကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းဆီရောင်းချသွားဖို့လည်း သဘောတူညီခဲ့ပါတယ်။
Photo: Reuters




