
ဘီလ်ဘာအိုနဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်ပွဲစဉ်မှာ လူစားဝင်ကစားပြီး ဦးဆောင်ဂိုးသွင်းခဲ့တဲ့ အာဆင်နယ် တောင်ပံကစားသမား မာတင်နယ်လီကို နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
ဘရာဇီးကစားသမားဟာ ကစားသမားသစ် အက်ဇီရဲ့နောက် အရန်ကစားသမားအဖြစ် ၂ ပွဲဆက်တိုက် ကစားခဲ့ရတာဖြစ်ပြီး ဘီလ်ဘာအိုနဲ့ပွဲမှာ အက်ဇီအစား လူစားဝင်ပြီး ၁ မိနစ်အတွင်းမှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့တာပါ။ ဒါ့အပြင် ပွဲချိန် ၈၇ မိနစ်မှာလည်း ထရော့ဆတ်ခ်ရဲ့ သွင်းဂိုးကို ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။
ဂါဘရီယယ် မာတင်နယ်လီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အကောင်းမြင်နိုင်မှုအပေါ် ချီးကျူးချင်ပြီး သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေအပေါ် တန်ဖိုးထားကြောင်း၊ လူစားဝင်ချိန်က မာတင်နယ်လီရဲ့ မျက်လုံးတွေကိုကြည့်ပြီး အခုလို ဂိုးသွင်းယူနိုင်မယ်ဆိုတာ ယုံကြည်ထားကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဂါဘရီယယ်က ထူးချွန်တဲ့ကစားသမားဖြစ်ပြီး ဘီလ်ဘာအိုနဲ့ပွဲက သွင်းဂိုးက ယုံကြည်မှုကောင်း ပြန်လည်ရရှိလာဖို့ မျှော်လင့်ကြောင်းလည်း နည်းပြ အာတေတာက ပြောသွားပါတယ်။