
ကစားသမားသစ်တွေ များတာကြောင့် ခြေစွမ်းတိုးတက်ဖို့ ကြိုးစားနေရဆဲဖြစ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းနဲ့ တဂိုးစီသရေကျတဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့အခြေအနေအပေါ် နည်းပြဂွါဒီယိုလာက ပွင့်ပွင့်လင်းလင်း ဝန်ခံစကား ဆိုသွားခဲ့တာပါ။
ဂိုးသမားနေရာ အပါအဝင် အရေးပါတဲ့နေရာတွေမှာ ကစားသမားသစ်တွေ ရောက်လာသလို ဒဏ်ရာရ ကစားသမားတွေလည်း ရှိတာကြောင့် ခြေစွမ်းတိုးတက်လာဖို့ ကြိုးစားနေရဆဲဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
လက်ရှိအသင်းက ငယ်ရွယ်နုပျိုတဲ့အသင်းဖြစ်ပြီး မိမိရဲ့ စီးတီးနည်းပြဘ၀မှာ အငယ်ဆုံးအသင်းလို့တောင် ဆိုနိုင်ကြောင်း၊ တဆင့်ချင်းစီသွားပြီး အနာဂတ်အတွက် ရည်ရွယ်ပြီး တည်ဆောက်သွားရမှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။




