
ပွဲထွက်ခွင့်အတွက် စွမ်းဆောင်ရည်ကောင်းမွန်မှုကို ဦးစားပေးစဉ်းစားကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဘီလ်ဘာအိုနဲ့ မန်စီးတီးပွဲစဉ်တွေမှာ လူစားဝင် ကစားသမားတွေကြောင့် ရလဒ်ကောင်းရရှိခဲ့ပြီး ပွဲထွက်လူစာရင်းထုတ်ပုံကို နည်းပြအာတေတာက ရှင်းလင်းခဲ့တာပါ။
ပွဲထွက်ခွင့်အတွက်က အမျိုးမျိုးသော အကြောင်းအရာတွေရှိပြီး ပထမဆုံးအချက်က စွမ်းဆောင်ရည် ကောင်းမွန်နေဖို့ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်နေဖို့လည်း လိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အဲဒီအချက်တွေပြီးမှ ပြိုင်ဘက်အသင်းရဲ့ အခြေအနေနဲ့ ခင်းကျင်းမယ့် ကစားကွက်ကို ချမှတ်တာဖြစ်ပြီး ကစားသမားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တွဲဖက်ကစားနိုင်မှုကလည်း ပွဲထွက်လူစာရင်းမှာ ထည့်သွင်းစဉ်းစားကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။




