
အာဆင်နယ်ကစားသမားတွေရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်အပေါ် နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
အာဆင်နယ်ဟာ စက်တင်ဘာ ၂၈ ရက်က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပွဲပြီးခါနီးအထိ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီး ပွဲချိန် ၈၄ မိနစ်နဲ့ ၉၆ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာလည်း ၉၂ မိနစ်မှာရခဲ့တဲ့ ချေပဂိုးနဲ့ သရေတမှတ် ရယူနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ပြသနိုင်ခဲ့တဲ့အပေါ် နည်းပြအာတေတာက ချီးကျူးခဲ့တာပါ။
ကစားသမားတွေ ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေအရ မိမိတို့အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်းလည်း နည်းပြအာတေတာက ပြောသွားပါတယ်။
အာတေတာဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်း ရှုံးပွဲတွေ့ခဲ့တာကိုလည်း အခွင့်အရေးယူနိုင်ခဲ့ပြီး ပွဲစဉ် ၆ အပြီးမှာ လီဗာပူးနဲ့ ၂ မှတ်သာကွာဟတော့တာ ဖြစ်ပါတယ်။