
လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လက်ရှိချန်ပီယံ နယူးကာဆယ် အသင်းက စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
စတုတ္ထအဆင့်မှာ စုစုပေါင်း ၁၆ သင်း ပါဝင်ပြီး လက်ရှိချန်ပီယံနယူးကာဆယ်အသင်းက ပွဲအကျပ်ဆုံး ဖြစ်ခဲ့တာပါ။
မန်စီးတီးက ဆွမ်ဆီးစီးတီးအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လီဗာပူးက ခရစ္စတယ်ပဲလေ့နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်က ဘရိုက်တန်ကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး ချဲလ်ဆီးကတော့ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်သွားရမှာပါ။
တခြားပွဲစဉ်တွေမှာ ဂရင်စ်ဘီတောင်းနဲ့ ဘရန့်ဖိုဒ်၊ ဝရတ်ဆမ်နဲ့ ကာဒစ်စီးတီး၊ ဝစ်ကမ်နဲ့ ဖူဟမ်အသင်းတို တွေ့ဆုံခဲ့ပါတယ်။
ကရာဘောင်ဖလားလို့လည်း ခေါ်ကြတဲ့ လိဂ်ဖလားပွဲစဉ်တွေကို လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
Photo:Reuters




