
အပြောင်းအရွှေ့ဈေးကွက်မှာ နယူးကာဆယ်အသင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း ကွင်းလယ်လူ ဂီမာရေ့စ်က ပြောသွားပါတယ်။
ဘာစီလိုနာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အီဆက်ခ်ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဂီမာရေ့စ်က ပြန်လည်ဖြေကြားခဲ့တာပါ။
ဘဏ္ဍာရေးကန့်သတ်ချက်စည်းမျဉ်း ရှိတာက အသင်းကို သက်ရောက်မှုရှိ၊ မရှိ မသိသလို အသင်းရဲ့နောက်ကွယ်က ကိစ္စတွေကိုလည်း မသိရှိကြောင်း၊ ဘောလုံးက စီးပွားရေးဖြစ်ကြောင်း ဂီမာရေ့စ်က ပြောပါတယ်။
ကစားသမားတယောက်အနေနဲ့ အကောင်းဆုံး ကစားသမားတွေကို မဆုံးရှုံးချင်ကြောင်း၊ အပြောင်းအရွှေ့မှာ အသင်းဘက်က အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ ရှေ့ဆက်သွားရမှာဖြစ်ကြောင်း ဂီမာရေ့စ်က ပြောသွားပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ၂ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အပေါ်မှာလည်း မယုံကြည်နိုင်စရာ အောင်မြင်မှုအဖြစ် ဂီမာရေ့စ်က ပြောသွားပါတယ်။




