
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ နူနိုဆန်းတို့စ်နဲ့ လမ်းခွဲပြီးနောက် စပါးနည်းပြဟောင်း ပို့စ်တီကိုဂလူကို ခေါ်ယူခန့်အပ်လိုက်ပါတယ်။
ကနဦးအဖြစ် ရာသီကုန်အထိတာဝန်ယူဖို့ စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းရဲ့အခြေအနေအပေါ် ကြည့်ပြီး သက်တမ်းတိုးသွားဖို့ရှိပါတယ်။
နော်တင်ဟမ်အသင်းပိုင်ရှင်နဲ့ နည်းပြပို့စ်တီကိုဂလူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တွေ့ဆုံမှုတွေရှိခဲ့တာပါ။
ပို့စ်တီကိုဂလူဟာ မနှစ်က စပါးအသင်းကို ယူရိုပါလိဂ်ဆုဖလား ရယူပေးခဲ့ပေမဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူပါ။
အန်ဂျီဟာ တမူထူးခြားတဲ့ကစားပုံကို တည်ဆောက်သွားချင်သူဖြစ်ပြီး ဆုဖလားတွေရယူနိုင်သူ အဖြစ် သက်သေပြထားသူလို့လည်း နော်တင်ဟမ်အသင်းပိုင်ရှင် မာရီနာကစ်က ချီးကျူးသွားပါတယ်။