
လီဗာကူဆင်အသင်းက ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အပေါ် အလွန်အံ့အားသင့်မိကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ မေလက စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ၂ ပွဲမှာ တပွဲရှုံး၊ တပွဲသရေကျခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
မိမိကို ထုတ်ပယ်လိုက်တဲ့ လီဗာကူဆင် စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က လုံးဝ အံ့အားသင့်စရာကောင်းပြီး နည်းပြတယောက်ကို လိဂ် ၂ ပွဲသာ ကိုင်တွယ်စေပြီး ထုတ်ပယ်လိုက်တာက မကြုံစဘူးကိစ္စဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ထုတ်ပြန်ပါတယ်။
အဓိက ကစားသမားတွေ အများအပြား ထွက်ခွာသွားတဲ့အတွက် အသင်းသစ်တသင်းလို တည်ဆောက်ရတာက အချိန်တခုနဲ့ ယုံကြည်မှုပေးဖို့ လိုအပ်ကြောင်း၊ အဲဒီလို အချိန်နဲ့ ယုံကြည်မှု မရခဲ့တဲ့အပေါ် အလွန်စိတ်ထိခိုက်ရကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။