
မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်ရဲ့ လီဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါ ပထမဆုံး ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။
ဟော့ဖမ်ဟိမ်နဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ လီဗာကူဆင်က ကွမ်ဆက်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ၂၅ မိနစ်မှာ ချေပဂိုး၊ ၅၂ မိနစ်မှာ အနိုင်ဂိုး ပေးလိုက်ရတာပါ။
ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ကတည်းက ရလဒ်သိပ်မကောင်းခဲ့တဲ့ လီဗာကူဆင်အသင်းဟာ ပွဲစဉ် ၁ မှာပဲ ရှုံးပွဲတွေ့ခဲ့တာကြောင့် နည်းပြတန်ဟတ်ဂ်အတွက် ဖိအားပိုများသွားပြီ ဖြစ်ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ ဒေါ့မွန်အသင်းက စိန့်ပေါ်လီနဲ့ ၃ ဂိုးစီ သရေကျသွားခဲ့ပြီး သောကြာနေ့မှာ ကစားခဲ့တဲ့ ဘိုင်ယန်ကတော့ လိုက်ပ်ဇစ်ကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
သြဂုတ် ၂၄ ရက် တနင်္ဂနွေနေ့မှာတော့ မိန့်ဇ်နဲ့ ကိုလုံး၊ မိုချင်ဂလာဘတ်နဲ့ ဟမ်ဘတ်တို့ရဲ့ ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။