Home
အားကစား
အဲရစ်တန်ဟတ်ဂ်၏ လီဗာကူဆင်နည်းပြဘ၀ ပထမဆုံးပွဲ ဂိုးပြတ်ရှုံးနိမ့်
DVB
·
July 19, 2025
Photo :Reuters

နည်းပြအဲရစ်တန်ဟတ်ဂ်ရဲ့ လီဗာကူဆင်နည်းပြဘ၀ ပထမဆုံး ခြေစမ်းပွဲစဉ်မှာ ဘရာဇီးကလပ် ဖလာမင်ဂိုး ယူ-၂၀ အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့ ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။

မန်ယူနည်းပြဟောင်းတန်ဟတ်ဂ်ဟာ ဂျာမန်ကလပ် လီဗာကူဆင်ကို ပြီးခဲ့တဲ့မေလကတည်းက စတင်တာဝန်ယူခဲ့ပြီး ရာသီကြို ပထမဆုံးခြေစစ်ပွဲမှာ ဖလာမင်ဂိုလူငယ်အသင်းကို ဂိုးပြတ် ရှုံးနိမ့်သွားတာပါ။

လီဗာကူဆင်အသင်းဟာ ဘရာဇီးနိုင်ငံမှာ ခြေစမ်းပွဲတွေ သွားရောက်ကစားနေတာဖြစ်ပြီး  တောင့်တင်းတဲ့ လူစာရင်းနဲ့ပွဲထွက်ကစားခဲ့တာဖြစ်ပေမဲ့ ဖလာမင်ဂိုလူငယ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

လီဗာကူဆင်ဟာ မနှစ်က ရာသီက အမာခံကစားသမားတွေဖြစ်တဲ့ ဖလော်ရီယန်ဗက်ဇ်နဲ့ ဖရင်ပေါင်တို့ကို  လီဗာပူးဆီ ရောင်းထုတ်ထားတာပါ။

လီဗာကူဆင်ဟာ ပိုကယ်ဖလားမတိုင်ခင် ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ဘိုချန်၊ ဖော်ကျူနာ၊ ပီဆာ၊ ချဲလ်ဆီးအသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်ကစားဖို့ ရှိပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013