Home
အားကစား
ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူလိုသည့် အသင်းထဲတွင် လီဗာကူဆင် ပါဝင်လာ
DVB
·
June 11, 2025
Photo :Reuters

မန်စီးတီးတောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဂျာမန်ကလပ် လီဗာကူဆင်အသင်းလည်း ပါဝင်လာပါတယ်။

လီဗာကူဆင်နည်းပြသစ် အဲရစ်တန်ဟတ်ဂ်ဟာ အဓိက ကစားသမားတွေကို လက်လွှတ်ခဲ့ရမှုအတွက် ကစားသမားသစ်တွေ ပြန်လည်ဖြည့်တင်းဖို့ ဆန္ဒရှိနေတာပါ။

ကလပ်ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဂရေးလစ်ရှ် မန်စီးတီးကနေ ထွက်ခွာဖို့ရှိနေပြီး လီဗာကူဆင်အသင်းအပြင် အဲဗာတန်နဲ့ တခြား ဥရောပထိပ်တန်းကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဂရေးလစ်ရှ်ဟာ မန်စီးတီးမှာ တပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိနေတာကြောင့် ခေါ်ယူလိုတဲ့အသင်းတွေဘက်က လုပ်ခလျှော့ချမှ အဆင်ပြေမှာဖြစ်သလို မန်စီးတီးကနေ အငှားခေါ်ယူပြီး လုပ်ခရဲ့ တစိတ်တပိုင်းကို ပေးချေမယ့်အစီအစဉ််လည်း ရှိနေပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013