
စပါးအသင်းဆီ မလာချင်တဲ့ ကစားသမားတွေကို ခေါ်ယူလိုခြင်းမရှိကြောင်း နည်းပြ သောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။
စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီးမှ အာဆင်နယ်ဆီ ပြောင်းရွှေ့သွားတဲ့ အက်ဇေးကို ရည်ရွယ်ပြီး နည်းပြဖရန့်ခ်က ပြောခဲ့တာပါ။
စပါးအသင်းဟာ နောင်တင်ဟမ်ကွင်းလယ်လူ မော်ဂန်ဂစ်ဘ်ဝှိုက် အပြောင်းအရွှေ့မှာလည်း သဘောတူညီမှု ရရှိခဲ့ပြီးမှ ပျက်ပြယ်သွားခဲ့တာပါ။
ယေဘုယျအားဖြင့် အသင်းဆီကို မလာချင်တဲ့၊ အသင်းရဲ့ အမှတ်တံဆိပ်ကို မဝတ်ဆင်ချင်တဲ့ ကစားသမားတိုင်းကို ခေါ်ယူမှာလည်း မဟုတ်ကြောင်း၊ ပရိသတ်တွေအနေနဲ့လည်း မိမိနဲ့ ထပ်တူကျလိမ့်မယ်လို့ ယူဆကြောင်း နည်းပြ ဖရန့်ခ်က ပြောပါတယ်။
အပြောင်းအရွှေ့မပိတ်ခင် ကစားသမားတွေ ခေါ်ယူအားဖြည့်ဖို့လည်း ရှိပြီး ကစားသမားတယောက်ကို ခေါ်ယူနိုင်ဖို့လည်း မျှော်လင့်ကြောင်း စပါးနည်းပြ သောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။