
နည်းပြသစ် သောမက်စ်ဖရန့်ခ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူပေးဖို့ စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက တောင်းဆိုထားတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ မနှစ်ကရာသီမှာ ယူရိုပါလိဂ်ဆုဖလား ရယူနိုင်ခဲ့တဲ့ နည်းပြ ပိုစ်တီကိုဂလူကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်ကို ခန့်အပ်ခဲ့တာပါ။
ဒိန်းမတ်နည်းပြလက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဖြစ်နိုင်သမျှ အမြန်ဆုံးရယူပေးဖို့ တောင်းဆိုထားပြီး ဖိအားပေးတာမျိုးတော့ မဟုတ်ကြောင်း စပါးဥက္ကဋ္ဌ လီဗိုင်းက ပြောပါတယ်။
ရောမမြို့ကို တရက်တည်း တည်ဆောက်လို့ မရဘူးဆိုတာ သိရှိထားပြီး အခုနှစ်ရာသီမှာပဲ ချန်ပီယံဆု ရယူပေးဖို့ တောင်းဆိုထားတာမဟုတ်ကြောင်း၊ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုရယူဖို့ မျှော်လင့်ထားတာဖြစ်ကြောင်း ဥက္ကဋ္ဌ လီဗိုင်းက ပြောသွားပါတယ်။
Photo:Reuters