
တောင်ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို စပါးအသင်းဖော်တွေနဲ့ နယူးကာဆယ်အသင်းသားတွေက ဝိုင်းဝန်းဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
ဆွန်ဟာ မွေးရပ်မြေမှာ စပါးအသင်းအတွက် နောက်ဆုံးပွဲစဉ်ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲတော့မှာပါ။
နယူးကာဆယ်နဲ့ ပွဲချိန် ၆၃ မိနစ်မှာ ဆွန်ဟောင်မင်ကို လူစားလဲခဲ့ပြီး ကွင်းထဲက မထွက်ခင်မှာ စပါး ကစားသမားတွေနဲ့ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့သလို နယူးကာဆယ် ကစားသမားတွေကလည်း ဆွန်ကို နှုတ်ဆက်ခဲ့ကြတာပါ။
ပွဲပြီးဆုံးချိန်မှာတော့ စပါးအသင်းဖော်တွေက ဆွန်ဟောင်မင်ကို လေပေါ်မြှောက်ပြီး ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။
ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး နောက်ဆုံးရာသီမှာ အသင်းအတွက် ယူရိုပါလိဂ် ဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။