
အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းသေးတဲ့ တိုက်စစ်မှူး အီဆက်ခ်ကို နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက သတိပေးလိုက်ပါတယ်။
နယူးကာဆယ်အသင်းဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့ အီဆက်ခ်ကို အာရှခရီးစဉ်မှာ ခေါ်ဆောင်ခြင်းမပြုခဲ့ပေမဲ့ အသင်းလေ့ကျင့်ရေးကွင်းမှာ သီးသန့်လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့တာပါ။
ဒါပေမဲ့ အီဆက်ခ်ဘက်က အသင်းဟောင်း ဆိုစီဒက်အသင်းဆီ သွားရောက်လေ့ကျင့်နေတာကြောင့် ကစားသမားတွေဘက်က မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လိုအပ်ကြောင်း အီဆက်ခ်ကို ရည်ရွယ်ပြီး သတိပေးခဲ့တာပါ။
ကစားသမားတိုင်းကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်းစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဆိုးရွားတဲ့ အပြုအမူ ရှိလာခဲ့ရင်တော့ ပုံမှန်အတိုင်းပဲ လေ့ကျင့်ခွင့်ပေးဖို့ မဖြစ်နိုင်ကြောင်း နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
နယူးကာဆယ်ဟာ အီဆက်ခ်အတွက် လီဗာပူးရဲ့ ပေါင်သန်း ၁၂၀ တန်စာချုပ်နဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပေမဲ့ အီဆတ်ခ်နေရာအတွက် အရန်သင့်အစားထိုးနိုင်မယ့် တိုက်စစ်မှူးတွေကိုလည်း ကြိုတင်ချိတ်ဆက်နေပါတယ်။