
တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို အတွက် နယူးကာဆယ်အသင်းရဲ့ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းချက် ကို လိုက်ပ်ဇစ်အသင်းက ပယ်ချလိုက်ပါတယ်။
နယူးကာဆယ်အသင်းဟာ အသင်းကနေ ထွက်ခွါဖို့ ဆန္ဒရှိနေတဲ့ အီဆက်ခ်ရဲ့နေရာမှာ တိုက်စစ်မှူးတယောက်ခေါ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဆက်စ်ကို ကို ပစ်မှတ်ထားလာခဲ့တာပါ။
ဆက်စ်ကို ကို မန်ယူအသင်းကလည်းခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေချိန်မှာ နယူးကာဆယ်အသင်းက လက်ဦးမှုရယူဖို တရားဝင်ကမ်းလှမ်းခဲ့တာပါ။
နယူးကာဆယ်ဟာ ဆက်စ်ကို အတွက် ကနဦးပေါင် ၆၅ သန်းခွဲပေးချေမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၄ ဒသမ ၄ သန်းပေးချေမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာကို လိုက်ပ်ဇစ်ဘက်က လက်မခံခဲ့တာလို့ The Athletic သတင်းမှာဖော်ပြပါတယ်။
နယူးကာဆယ်ဟာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခြင်းမရှိခဲ့ရင် အီဆက်ခ်ကို ဆက်ထိန်းသွားမှာ ဖြစ်ပါတယ်။