ဘိုင်ယန်ကွင်းလယ်ကစားသမား ဂျာအိုပယ်လင်ညာကို စပါးအသင်း အငှားခေါ်ယူ
DVB
·
August 1, 2025

ယူရိုပါလိဂ် ချန်ပီယံ တော့တင်ဟမ်ဟော့စပါးအသင်းက ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်အဖျက်ကစားသမား ဂျာအိုပယ်လင်ညာကို အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။
နှစ်ဖက်အသင်းတွေရဲ့ သဘောတူညီချက်အရ စပါးဟာ ပေါ်တူဂီကွင်းလယ်လူအတွက် လစာကို အပြည့်အဝ ပေးချေရမှာဖြစ်ပြီး လာမယ့် ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ဝယ်ရမှာတော့ မဟုတ်ပါဘူး။
အသက် ၃၀ အရွယ် ပယ်လင်ညာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ ပရီးမီးယားလိဂ်ကလပ် ဖူဟမ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားသူပါ။