
စပါးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပီအက်စ်ဂျီအသင်းက ပြင်သစ်တိုက်စစ်မှူး ကိုလိုမူအမ်နီကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
လိုက်ပ်ဇစ် တောင်ပံကစားသမား ဇာဗီဆီမွန်စ်ကို ခေါ်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်စစ်မှူး မူအမ်နီကို ခေါ်ယူခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးကို ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ခဲ့တာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
နည်းပြ သောမက်စ်ဖရန့်ခ်က ဘယ်လိုကစားပုံလိုချင်လဲဆိုတာ သိရှိပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားသွားမှာဖြစ်ကြောင်း ကစားသမားသစ် မူအမ်နီက ပြောသွားပါတယ်။
စပါးအသင်းဟာ ကူဒက်စ်၊ ပေါ်လင်ညာနဲ့ ဆီမွန်စ်တို့ကို ခေါ်ယူပြီးနောက် မူအမ်နီက ၄ ယောက်မြောက် အဓိက ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။