
စပါးအသင်းက ခြေစွမ်းတိုးတက်ဖို့ မှန်ကန်တဲ့နေရာဖြစ်ကြောင်း ကစားသမားသစ် ဇာဗီဆီမွန်က ပြောသွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဟော်လန်ကြယ်ပွင့်ကစားသမားဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကနေ ယူရိုသန်း ၆၀ နဲ့ စပါးအသင်းဆီ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပါ။
ကနဦးမှာ ချဲလ်ဆီးအသင်းနဲ့လည်း ဆွေးနွေးခဲ့ပေမဲ့ စပါးအသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပါးအသင်းနဲ့အတူ စတင်ပွဲထွက်ဖို့ မစောင့်နိုင်တော့ကြောင်း၊ နည်းပြသောမက်စ်ဖရန့်ခ်နဲ့ စကားပြောဆိုအပြီးမှာ ခြေစွမ်းတိုးတက်လာဖို့ မှန်ကန်တဲ့နေရာဆိုတာ သိရှိလာခဲ့ကြောင်း ဇာဗီဆီမွန်က ပြောပါတယ်။
အသင်းကို ပင်ကိုယ်စွမ်းဆောင်ရည်တွေ ဆောင်ကျဉ်းယူလာမှာဖြစ်သလို အလုပ်ကြိုးစားမှု၊ စည်းကမ်းသေဝပ်မှုတွေနဲ့အတူ အသင်းနဲ့ ပရိသတ်တွေအတွက် အရာအားလုံးပေးဆပ်သွားမယ်လို့ ကစားသမားသစ် ဆီမွန်က ပြောသွားပါတယ်။
စပါးအသင်းဟာ နော်တင်ဟမ်က မော်ဂန်ဂစ်ဘ်ဝှိုက်နဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့သွားတဲ့ အက်ဇေးကို ဦးစွာပစ်မှတ်ထားခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဇာဗီဆီမွန်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters