
ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ဂျာမာလိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်က စားသမား ဇာဗီဆိုင်မွန်ကို ခေါ်ဖို့အတွက် သဘောတူညီချက်ရသွားပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ကစားသမားအတွက် စပါးက လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးချေရမှာပါ။
စပါးအသင်းဟာ ဆိုင်မွန်ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တရပ် ချုပ်ဆိုမှာဖြစ်ပြီး ၂ နှစ် သက်တမ်းတိုးခွင့်လည်း စာချုပ်မှာ ပါဝင်ပါတယ်။
ဇာဗီဆိုင်မွန်ကို စပါးရဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားခဲ့တာပါ။ နယ်သာလန် လက်ရွေးစင် ဇာဗီဆိုင်မွန်ဟာ လိုက်ပ်ဇစ်အတွက် ၇၈ ပွဲကစားပြီး ၂၂ ဂိုးသွင်းယူထားပါတယ်။
Photo: Reuters