
နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ကို တရားမဝင်ခေါ်ယူဖို့ လုပ်ဆောင်တယ် ဆိုပြီး စပါးအသင်းကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
ကနဦးအနေနဲ့ စပါးအသင်းရဲ့ လုပ်ရပ်အပေါ် ပရီးမီးယားလိဂ်ဆီ တရားဝင် စာပို့တိုင်ကြားထားပြီး လိုအပ်သလို အရေးယူဖို့ တောင်းဆိုထားတယ်လို သိရပါတယ်။
စပါးအသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား မော်ဂန်ဂစ်ဘ်ဝှိုက်အတွက် စာချုပ်ပါ လျော်ကြေးအတိုင်း ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရယူထားခဲ့တာပါ။
အဲဒီအပေါ် နော်တင်ဟမ်ဘက်က ကန့်ကွက်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တိုင်ကြားစာပို့ခဲ့တာပါ။ ဒါ့အပြင် ဂစ်ဘ်ဝှိုက်ကို ရောင်းချမှာ မဟုတ်လို့ ကစားသမားနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာကို ရပ်တန့်ဖို့ သတိပေးထားပါတယ်။