Home
အားကစား
ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်ကို ၃ နှစ်စာချုပ်ဖြင့် စပါးအသင်း တရားဝင်ခေါ်ယူ
DVB
·
June 13, 2025
Photo :Reuters

စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်ကို ၃ နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။

ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ ပိုစ်တီကိုဂလူနဲ့ လမ်းခွဲအပြီးမှာ နည်းပြ ဖရန့်ခ်နဲ့ အစားထိုးခဲ့တာပါ။

ဒိန်းမတ်နည်းပြ ဖရန့်ခ်ဟာ ၂၀၂၁ ခုနှစ်က ဘရန့်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အဲဒီအချိန်ကနေ မနှစ်ကရာသီအထိ မာကျောတဲ့ အသင်းကောင်းတသင်းအဖြစ် တည်ဆောက်နိုင်ခဲ့သူပါ။

ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ခဲ့တာနဲ့ အာဆင်နယ်နဲ့ လိဂ်ပထမဆုံးပွဲစဉ်မှာ အနိုင်ယူခဲ့တာတွေက မမေ့နိုင်စရာတွေဖြစ်ပြီး အသင်းကို ဆက်လက်တိုးတက်လာဖို့ နည်းပြသစ်နဲ့ တာဝန်ပေးသွားရတော့မှာဖြစ်ကြောင်း ဘရန့်ဖို့ဒ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

စပါးအသင်းဘက်ကလည်း နည်းပြဖရန့်ခ်ကို ကြိုဆိုကြောင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013