
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ချဲလ်ဆီးအသင်း ဦးတည်ချက် ပျောက်ဆုံးသွားခဲ့ကြောင်း နည်းပြဟောင်း မော်ရင်ညိုက သုံးသပ်သွားပါတယ်။
ဘင်ဖီကာနည်းပြ ဖြစ်လာတဲ့ မော်ရင်ညိုဟာ အခုတပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြန်လည်ရင်ဆိုင်ရမှာပါ။
အေဗရာမိုဗစ် လက်ထက်က ချဲလ်ဆီးနဲ့ မိမိတာဝန်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းတွေက ဆုဖလားရယူနိုင်တဲ့ အသင်းတသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ကားလို့စ်အန်ဆလော့တီ၊ အန်တိုနီကွန်တီနဲ့ သောမတ်စ်တူဟယ် တို့ဟာလည်း ဆုဖလားရယူနိုင်တဲ့အသင်းအဖြစ် ဆက်လက် တည်ဆောက်နိုင်ခဲ့ကြောင်း မော်ရင်ညိုက ပြောပါတယ်။
ဒါပေမဲ့ ပိုင်ရှင်သစ်တွေ ဝင်လာပြီး နောက်ပိုင်းမှာ ကစားသမားတွေ အများကြီး ဝယ်ယူပြီး ဦးတည်ချက် ပျောက်ဆုံးခဲ့တဲ့ နှစ်ကာလတွေလည်း ရှိခဲ့ပြီး ရှင်းလင်းတဲ့ ဘောလုံးကစားပုံလည်း မပြသနိုင်ခဲ့ကြောင်း မော်ရင်ညိုက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိနည်းပြ မာရက်စ်ကာကတော့ အသင်းကို တဆင့်ချင်း တည်ဆောက်နေပြီး ဆုဖလားတချို့ ရယူနိုင်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာ ချဲလ်ဆီးက ကောင်းမွန်တဲ့အသင်း ဖြစ်နေပြီလို့ မော်ရင်ညိုက ချီးကျူးသွားပါတယ်။