
အခုတပတ်ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ တွေ့ဆုံမှုဟာ မန်ယူနိုက်တက်အတွက် အချိန်ကောင်း ဖြစ်ကြောင်း နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက ပြောသွားပါတယ်။
လက်ရှိအချိန်မှာ လီဗာပူးအသင်းရဲ့ ရလဒ်တွေယိမ်းယိုင်နေတဲ့တိုင် လီဗာပူးအသင်းက အနိုင်ရဖို့ ပိုမိုရေပန်းစားတဲ့ အသင်းဖြစ်ကြောင်း၊ ယူနိုက်တက်အနေနဲ့ လီဗာပူးအသင်း ခြေစွမ်းယိမ်းယိုင်နေချိန်မှာ အခွင့်အရေးယူရမှာဖြစ်ကြောင်း ဝက်စ်ဘရောင်းက ပြောပါတယ်။
အခုလိုအချိန်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေတာက မန်ယူနိုက်တက်အတွက် အချိန်အခါကောင်းဖြစ်ပြီး ယူနိုက်တက်တို့ အနိုင်ရလဒ်ရယူနိုင်မယ်ဆိုရင် အသင်းကို ရှေ့ဆက်ရာမှာ ကြီးမားတဲ့လမ်းကြောင်းတခုအနေနဲ့ ပြောင်းလဲသွားနိုင်ကြောင်း ဝက်စ်ဘရောင်းက ပြောပါတယ်။
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူဟောင်းဟာ ၂၀၀၂ ခုနှစ်ကတည်းက မန်ယူအသင်းမှာ ရောက်ရှိနေသူဖြစ်ပြီး ၂၀၁၁ ခုနှစ်အထိ ၉ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters




