
လီဗာပူးအသင်းဆီ မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အကြောင်းအရင်းကို အာဆင်နယ်ကွင်းလယ်လူ ဇူဘီမန်ဒီ က ပြောသွားပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ ၂၀၂၃-၂၀၂၄ ရာသီက လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ကလပ်အသင်း ၂ သင်းအကြားမှာ သဘောတူညီမှု ရရှိခဲ့ပေမဲ့ ဆိုစီဒက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကမ်းလှမ်းမှုတွေ ရရှိလာတဲ့အခါ ပထမဆုံးမေးခွန်းက ဆိုစီဒက်မှာဆက်နေမလား၊ မနေဘူးလားဆိုတာက အဓိကအချက်ဖြစ်ပြီး အဲဒီအချိန်တုန်းက အသင်းပြောင်းဖို့ မှန်ကန်သင့်တော်တဲ့အချိန်မဟုတ်တာကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ ဇူဘီမန်ဒီက ပြောပါတယ်။
အာဆင်နယ်ပွဲတွေ ကြည့်ရှုခဲ့ပြီး အရာအားလုံးကို သဘောကျခဲ့ကြောင်း အသင်းရဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ငယ်ရွယ်မှုနဲ့ ကြည့်နေစဉ်မှာရတဲ့ စိတ်ခံစားချက်တွေကလည်း အဓိကအချက်ဖြစ်ခဲ့ကြောင်း ဇူဘီမန်ဒီက ပြောပါတယ်။
နည်းပြ မီခေးလ်အာတေတာရဲ့ ခေါ်ဆိုမှု ရရှိချိန်မှာတော့ သူ့ရဲ့အစီအစဉ်တွေက မိမိအတွက် အကောင်းဆုံးဖြစ်စေခဲ့ကြောင်းလည်း ဇူဘီမန်ဒီက ပြောပါတယ်။
လီဗာပူးအသင်းဟာ ဇူဘီမန်ဒီကို မခေါ်ယူနိုင်ခဲ့ပေမဲ့ ဂရာဗင်ဘက်ချ်ကို နံပါတ် ၆ နေရာမှာ အစားထိုးကစားစေခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။




