
ပွဲချိန်ပြည့်ကစားနိုင်မယ့် ကြံ့ခိုင်မှုရှိနေပြီလို့ လီဗာပူးတိုက်စစ်မှူး အစ်ဆက်ခ်ကပြောသွား ပါတယ်။
အစ်ဆက်ခ်ဟာ လက်ရှိအချိန်မှာ ဆွီဒင်အသင်းနဲ့အတူ ပူးပေါင်းနေတာဖြစ်ပြီး ကြံ့ခိုင်မှု အကောင်းဆုံး ရနေပြီဖြစ်ကြောင်း ဆွစ်ဇာလန်နဲ့ ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လီဗာပူးအသင်းဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့မှုနဲ့ အတူ ဝေဖန်မှုတွေ စတင်ကြုံတွေ့လာရချိန်မှာ အစ်ဆက်ခ်ရဲ့ ကြံ့ခိုင်မှုအခြေအနေ ပြန်လည်ကောင်းမွန်လာတာက သတင်းကောင်းတခုဖြစ်ပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ လီဗာပူးနဲ့ ပြိုင်ပွဲစုံ ၆ ပွဲကစားပြီးချိန်မှာ တဂိုးသွင်း၊ တဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ အစ်ဆက်ခ်ဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ အာဆင်နယ်တိုက်စစ်မှူး ယိုကရက်စ်နဲ့တွဲဖက်ပြီး အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့ပေမဲ့ ဆွီဒင်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာအရေး နိမ့်ခဲ့ပါတယ်။
Photo: Reuters




