
ရှုံးပွဲဆက်ခဲ့တဲ့အပေါ် ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းကို နည်းပြ အာနဲစလော့က ပြစ်တင်ဝေဖန်သွားပါတယ်။
လီာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့၊ ဂါလာတာစာရေး နဲ့ ချဲလ်ဆီး အသင်းတွေနဲ့ပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးနဲ့ပွဲမှာ ချေပဂိုးရပြီးတဲ့နောက် အနိုင်ဂိုးရဖို့ မျှော်လင့်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်တွေကောင်းမွန်အောင်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း နည်းပြစလော့ က ပြောပါတယ်။
ပဲလေ့နဲ့ ချဲလ်ဆီး ၂ပွဲစလုံးမှာ ပြိုင်ဘက်တွေထက် ဂိုးသွင်းခွင့် ပိုရခဲ့ပေမဲ့ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ဘက်က ၂ဂိုးစီသွင်းယူသွားတာက လက်ရှိအသင်းရဲ့အရှိတရားဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
လစ်ဗာပူးဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဆက်ခ်ကို ပွဲထွက်စေခဲ့ပြီး ဒုတိယပိုင်းမှာ အစ်ကီတီကီနဲ့ လူစားလဲအသုံးပြုခဲ့ပါတယ်။




