
ခက်ခဲတဲ့အချိန်ကို အတူတကွ ကျော်ဖြတ်ကြဖို့ အသင်းသားတွေနဲ့ ပရိသတ်တွေကို လီဗာပူး နောက်ခံလူ ဗန်ဒိုက်က တိုက်တွန်းသွားပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲ ဆက်ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်တစ်နေရာကို အာဆင်နယ်အသင်းဆီ လွှဲပြောင်းပေးခဲ့ရတာပါ။
လက်ရှိအချိန်ဟာ အလွန်ခက်ခဲတဲ့ကာလ ဖြစ်ပြီး ကစားသမားတွေတင်သာမက အသင်းဝန်ထမ်းတွေ အပါအဝင် ပရိသတ်တွေကပါ အတူတကွရှိပြီး ကျော်ဖြတ်သွားရမှာ ဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
အားလုံးစုစည်းညီညွတ်စွာနဲ့ အားနည်းချက်တွေကို ပြန်လည်လေ့ကျင့်ကာ ပြင်ဆင်သွားမယ်ဆိုရင် အခက်ခဲဆုံးကာလကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗန်ဒိုက်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး အောက်တိုဘာ ၁၉ ရက်မှာ မန်ယူနိုက်တက်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။




