
မန်ယူနိုက်တက်အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က လီဗာပူးကို အနိုင်ယူခဲ့တဲ့ အဓိကအချက် ဖြစ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ အောက်တိုဘာ ၁၉ ရက်မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ အဝေးကွင်းပွဲစဉ်မှာ အမ်ဘူမို၊ မက်ဂွဲယားတို့ရဲ့ ဂိုးတွေနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
တချို့အချိန်တွေမှာ ကံတရားကြောင့်လား ပါဝင်ပေမဲ့ ပွဲချိန်မိနစ်တိုင်းမှာ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ကစားခဲ့ကြတဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက နိုင်ပွဲမှာ ရေးပါဆုံးအချက်ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
တခါတရံမှာ ဘောလုံးနဲ့အတူ ကစားရတဲ့ပွဲရှိသလို ဘောလုံးပိုင်ဆိုင်မှုမရရှိဘဲ ကစားရတဲ့ပွဲလည်း ရှိပြီး ဘယ်လိုပွဲမှာပဲဖြစ်စေ တိုက်ပွဲဝင်စိတ်ဓာတ်ရှိရင် ပွဲတိုင်းကို အနိုင်ယူနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ယူနိုက်တက်ဟာ အမ်ဖီးလ်ကွင်းမှာ ၁၀ နှစ်အတွင်း ပထဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးအတွက်တော့ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်ရှုံးပွဲနဲ့အတူ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။




