
လီဗာပူးအသင်းကနေ မိုဆာလာ ထွက်ခွာသွားနိုင်တယ်လို့ အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ခန့်မှန်းသုံးသပ်သွားပါတယ်။
ဆာလာဟာ မန်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကိုလည်း ဖြုန်းတီးခဲ့တာပါ။
ဆာလာဟာ လီဗာပူးအတွက် ပွဲပေါင်းများစွာ ပေးဆပ်ကစားခဲ့သူဖြစ်ပြီး လက်ရှိအခြေအနေအရ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ သိုမဟုတ် လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့မယ်ဆိုရင် အံ့အားသင့်မိမှာ မဟုတ်ဘူးလို ဝိန်းရွန်းနီက ပြောပါတယ်။
ဆာလာက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမား ၅ ယောက်စာရင်းမှာပါဝင်သူ ဖြစ်ပြီး အံ့မခန်း ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ ကစားပုံတွေကို ကြည့်ရတာက နှစ်သက်စရာ ကောင်းကြောင်းလည်း ရွန်းနီးက ချီးကျူးသွားပါတယ်။
အီဂျစ်တိုက်စစ်ကစားသမား မနှစ်က ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၂၉ ဂိုးအထိသွင်းယူပြီး လိဂ်ချန်ပီယံဖြစ်အောင်ကူညီနိုင်ခဲ့သူပါ။
အခုနှစ် ရာသီမှာ သွင်းဂိုး ၂ ဂိုး ရရှိထားပေမဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးမရခဲ့တဲ့အပေါ် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။




