Home
အားကစား
ဘရန့်ဖို့ဒ်နှင့် ကစားသည့်ပွဲက လီဗာပူးနည်းပြဘဝ အဆိုးရွားဆုံးပွဲဖြစ်ဟု နည်းပြစလော့ ပြော
DVB
·
October 26, 2025

ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ လီဗာပူးနည်းပြဘဝ အဆိုးရွားဆုံးပွဲစဉ်ဖြစ်ကြောင်း နည်းပြ အာနဲ စလော့က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ဘရန့်ဖို့ဒ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး အဆင့် ၆ နေရာအထိ ရောက်ရှိသွားတာပါ။

လီဗာပူးနည်းပြဘဝမှာ ခြေစွမ်းအဆိုးရွားဆုံး ပွဲစဉ်ဖြစ်ခဲ့ပြီး ပြိုင်ဘက် ဘရန့်ဒ်က လက်ပစ်ဘောတွေနဲ့ တည်ကန်ဘောတွေ အပါအဝင် တခြားသော အခိုက်အတန့်တွေမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ကြောင်း နည်းပြစလော့က ပြောပါတယ်။

ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေက ပုံသေကစားကွက်နဲ့ စနစ်ကျတဲ့အသင်းတွေ ဖြစ်သလို မိမိတို့အသင်းကို ရင်ဆိုင်ဖို့ အလွန်ကောင်းမွန်တဲ့ နည်းဗျူဟာတွေ ပြင်ဆင်လာခဲ့ကြတာဖြစ်ကြောင်း၊ အမြင့်ဘောနဲ့ တိုက်ရိုက်တိုက်စစ်ဆင်ကစားတဲ့ အသင်းတွေနဲ့ပွဲမှာ ဘယ်လို ကစားရမလဲဆိုတဲ့ အဖြေမရှိသေးကြောင်း နည်းပြစလော့က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013