
ခရစ္စတယ်ပဲလေ့ကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ လူငယ်တွေနဲ့ အရန်ကစားသမားတွေကို ပွဲထွက်ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပွဲထွက်လူစာရင်းမှာ လူငယ်အသင်းက ကစားသမား ၄ ယောက် အပါအဝင် အရန်ကစားသမားတွေနဲ့ အသုံးပြုသွားတာပါ။
လိဂ်ဖလားပွဲစဉ်မှာ အကယ်ဒမီအသင်းက လူငယ်တွေကို အသုံးပြုလေ့ရှိတာက အသင်းရဲ့ အစဉ်အလာဖြစ်ပြီး မိမိလက်ထက်မှာလည်း အစဉ်အလာကို မချိုးဖောက်နိုင်ခဲ့ကြောင်း နည်းပြစလော့က ပြောပါတယ်။
ဒါ့အပြင် လိဂ်ဖလားပွဲမတိုင်ခင် ၂ ရက်အလိုမှာ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့ရတဲ့အပြင် ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်လည်း ကစားခဲ့ရတာကြောင့် အဓိကကစားသမားတွေကို အနားပေးဖို့ လိုကြောင်း နည်းပြစလော့က ပြောပါတယ်။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲကို ၇ ရက်အတွင်းကစားရမယ့် အခြေအနေက စိန်ခေါ်မှုတခု ဖြစ်ကြောင်းလည်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးဟာ လာမယ့် နိုဝင်ဘာ ၂ ရက်မှာ ဗီလာနဲ့ ကစားပြီးနောက် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး အသင်းတွေနဲ့ ဆက်တိုက်ကစားသွားရမှာ ဖြစ်ပါတယ်။


