
လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ လက်ရှိချန်ပီယံ နယူးကာဆယ် အပါအဝင် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက အိမ်ကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းတသင်းသာ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပေမဲ့ ကွာတားဖိုင်နယ်ရောက် အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံးအသင်းဖြစ်တဲ့ ကာဒစ်စီးတီးနဲ့ တွေ့ဆုံခဲ့တာပါ။
၁၆ သင်းအဆင့်မှာ စပါးကို ၂ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံ နယူးကာဆယ်က ဖူဟမ်အသင်းနဲ့ တွေ့ဆုံနေပြီး မန်စီးတီးနဲ့ ဘရန့်ဖို့ဒ်၊ အာဆင်နယ်က လီဗာပူးကို ၃ ဂိုးပြတ် အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့ တွေ့ဆုံခဲ့တာပါ။
လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။
မနှစ်က လိဂ်ဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်က လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


