
အာဆင်နယ်အသင်းမှာ ဒဏ်ရာရ ကစားသမားတွေများလို ဘရိုက်တန်နဲ့ လိဂ်ဖလားပွဲအတွက် ရွေးချယ်စရာ သိပ်မရှိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
ခရစ္စတယ်ပဲလေ့နဲ့ ပွဲမှာ နောက်ခံလူ ဆာလီဘာနဲ့ မာတင်နယ်လီတို ဒဏ်ရာရခဲ့ပြီး ဘရိုက်တန်းနဲ့ပွဲကို လွဲချော်မယ်လို့ နည်းပြ အာတေတာက အတည်ပြုပါတယ်။
ဒက်ကလန်ရိုက်စ်နဲ့ ဘူကာရိုဆာကာတိုရဲ့အခြေအနေကတော့ ပြန်ကစားနိုင်မှာဖြစ်ပြီး တိုက်စစ်ပိုင်းက ဂျေဇု၊ ကိုင်ဟာဗက်ဇ်၊ မာတင်နယ်လီနဲ့ မာဒူအက်ကေတို့ ဒဏ်ရာရှိနေတာက ရွေးချယ်စရာ နည်းပါးသွားစေကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ဟာလည်း လာမယ့် နိုဝင်ဘာလလယ်လောက်မှ ပြန်ကစားနိုင်မှာဖြစ်ပြီး အဓိက ကစားသမား ၆ ယောက် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Photo: Reuters


