
အာဆင်နယ်အသင်းကနေ ထွက်ခွာရတဲ့အချိန်ကျရင် မွေးရပ်မြေကလပ် ပါလ်မီယားရက်စ်အသင်းဆီ ပြန်ကစားဖို့ တိုက်စစ်မှူးဂျေဇုက ဆန္ဒရှိနေပါတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ဒူးအရွတ်ဒဏ်ရာကြောင့် တနှစ်နီးပါး အနားယူခဲ့ရပြီးနောက် လာမယ့် ခရစ္စမတ်မတိုင်ခင် ပြန်ကစားနိုင်ဖို့ ရှိနေတာပါ။
အာဆင်နယ်ဘုတ်အဖွဲ့နဲ့ နည်းပြအဖွဲ့ဝင်တွေက မိမိပြန်ကစားနိုင်မယ့်အချိန်ကို စောင့်မျှော်နေကြပြီး အသင်းရဲ့ အနာဂတ်အစီအစဉ်မှာ မိမိမပါဝင်တော့ဘူးလို့ မထင်ကြောင်း၊ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသေးပြီး သက်တမ်းမတိုးဖြစ်ခဲ့ရင်တောင် စာချုပ်ပြည့်တဲ့အထိ အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်း ဂျေဇုက ပြောပါတယ်။
အာဆင်နယ်ကနေ ထွက်ခွာဖြစ်ချိန်မှာတော့ ပါလ်မီးယားရက်စ်အသင်းမှာ ပြန်ကစားဖို့က ပထမဦးစားပေးအနေနဲ့ အမြဲတမ်းရှိကြောင်း၊ ဒါက ဥရောပဆီ ထွက်ကစားနေကြတဲ့ ပါလ်မီးယားရက်စ်အသင်း ကစားသမားဟောင်းတိုင်းရဲ့ ဆန္ဒလည်းဖြစ်ကြောင်း ဂျေဇုက ပြောသွားပါတယ်။


