
အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်စွမ်းအပေါ် နည်းပြဟောင်း အာဆင်ဝင်းဂါးက သုံးသပ်သွားပါတယ်။
နည်းပြ အာဆင်ဝင်းဂါးဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရယူပေးခဲ့သူဖြစ်ပြီး အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့အလှမ်းဝေးနေတာ နှစ် ၂၀ ကျော်ကြာမြင့်နေတာပါ။
ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကတော့ အသင်းဟောင်း အာဆင်နယ်ကို နှစ်တိုင်း ချန်ပီယံဖြစ်ဖို့ အားပေးထောက်ခံခဲ့ပေမဲ့ အခုနှစ်ရာသီကတော့ ချန်ပီယံဖြစ်ဖို့ ယုံကြည်မှုအရှိဆုံးဖြစ်ပြီး အာဆင်နယ်ဟာ ပြဿနာတွေကို ဖြေရှင်းဖို့ အမှန်တကယ် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။
ကိုင်ဟာဗက်နဲ့ ဆာကာလို အရေးပါတဲ့ ကစားသမားတွေ ဒဏ်ရာရရှိချိန်မှာတောင် အခုနှစ် အာဆင်နယ်အသင်းက အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး တခြားနေရာတွေမှာလည်း အစားထိုးနိုင်မယ့် ကစားသမားတွေ အသင့်ရှိကြောင်း ဝင်းဂါးက ပြောပါတယ်။
လီဗာပူးအသင်းနဲ့ ယှဉ်မယ်ဆိုရင် ဆိုဘိုစလိုင်းကို ညာနောက်ခံလူနေရာနဲ့ ဂရာဗန်ဘက်ချ်ကို ဗဟိုခံစစ်မှူးနေရာ ကစားစေတာမျိုးလို လုပ်ဆောင်ဖို့ အာဆင်နယ်အသင်းမှာ မလိုအပ်ကြောင်းလည်း အာဆင်ဝင်းဂါးက နှိုင်းယှဉ်သုံးသပ်သွားပါတယ်။
Photo: Reuters




