
ကောင်းမွန်တဲ့ခံစစ် ပိုင်ဆိုင်ထားရင် နိုင်ပွဲရဖို့ ၁ ဂိုးသာ လိုအပ်ကြောင်း အာဆင်နယ် တိုက်စစ် ကစားသမား လီအန်ဒရိုထရော့ဆက်ဒ်က ပြောပါတယ်။
အာဆင်နယ်ဟာ ဖူဟမ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ထရော့ဆက်ဒ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ခံစစ်အကောင်းဆုံးအသင်း ဆိုတဲ့ မှတ်တမ်းကို ဆက်လက်ရေးထိုးနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်က အခက်ခဲဆုံး လိဂ်ပြိုင်ပွဲဖြစ်တာကြောင့် ဖူဟမ်နဲ့ပွဲဟာလည်း ခက်ခဲခဲ့ကြောင်း ခံစစ်ပိုင်းကောင်းမွန်မယ်ဆိုရင် နိုင်ပွဲရဖို တဂိုးသာလိုအပ်ကြောင်း၊ အဲဒီလိုကောင်းမွန်တဲ့ခံစစ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်း ထရော့ဆက်ဒ်က ပြောသွားပါတယ်။
ဖူဟမ်နဲ့ပွဲမှာ အာဆင်နယ်ရရှိသွားတဲ့ အနိုင်ဂိုးက ထောင့်ကန်ဘောကနေ တဆင့်ရရှိခဲ့တာဖြစ်ပြီး အခုနှစ်ရာသီ ၈ ပွဲအပြီမှာ တည်ကန်ဘောကနေ ၇ ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။




