
အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို အာဆင်နယ်အသင်းရယူဖို့ အကောင်းဆုံးအချိန်ဖြစ် ကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်သွားပါတယ်။
အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းက ဒုတိယရခဲ့တဲ့မနှစ်ကလောက် မကောင်းသေးပေမဲ့ အခုနှစ်ရာသီဟာ သူတို့အတွက် ဆုဖလားရယူဖို့ အချိန်ကောင်းဖြစ်ကြောင်း နဗီးလ်က သုံးသပ်သွားတာပါ။
မနှစ်ကလောက် ခြေစွမ်းက မကောင်းသေးပေမဲ့ စွမ်းဆောင်ရည်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်တဲ့ အဆင့်အတန်းက အခုနှစ်မှာ ဆုဖလားရယူဖို့ဖြစ်လာစေခဲ့ကြောင်း၊ ရာသီကုန်မှာ အမှတ် ၁၀၀၊ ၉၀ လောက်ရဖို့မရှိပေမဲ့ အမှတ် ၈၀ လောက် စုဆောင်းနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်ပြီး အာဆင်နယ်အသင်းစွမ်းဆောင်နိုင်ကြောင်း နဗီးလ်က ပြောပါတယ်။
အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းက ယုံကြည်လို့ရတဲ့အသင်းဖြစ်လာပြီး ခံစစ်ပိုင်း လုံခြုံသလို တိုက်စစ်ပိုင်းက ကစားသမားအားလုံးဟာလည်း သွင်းဂိုးတွေအတွက် ပါဝင်ပတ်သက်မှု လုပ်ဆောင်နိုင်သူတွေဖြစ်ကြောင်း နဗီးလ်ကပြောပါတယ်။
ကွင်းလယ်လူ ရိုက်စ်က တည်ကန်ဘောတွေကနေ အကောင်းဆုံးပေးပိုမှုတွေ လုပ်ဆောင်နိုင်သလို ကောင်းမွန်တဲ့ နောက်ခံအစွန်လူ ၄ ယောက်နဲ့ အံ့မခမ်း ဗဟိုခံစစ်မှူး ၃ ယောက် ရှိနေတာကလည်း ခံစစ်ပိုင်းကို တောင့်တင်းလုံခြုံစေတဲ့အချက်ဖြစ်ကြောင်း နဗီးလ်က ချီးကျူးသွားပါတယ်။
Photo: Reuters


