
ပီယာစ်မော်ဂန်နဲ့ အင်တာဗျူးအစီအစဉ်မှာ မန်ယူနိုက်တက်အသင်းသားတွေကို ဝေဖန်ခဲ့တဲ့ စီရော်နယ်ဒိုကို နည်းပြ ရူဘင်အာမိုရင်က ပြန်လည်တုံ့ပြန်သွားပါတယ်။
နည်းပြအာမိုရင်ဟာ ယူနိုက်တက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပေမဲ့ ရုတ်ချည်း ပြောင်းလဲဖို့က မဖြစ်နိုင်သေးကြောင်းနဲ့ ကစားသမားကောင်းတွေ ရှိနေပေမဲ့ တချို့က မန်ချက်စတာယူနိုက်တက်ရဲ့ အသွေးအသား မရှိကြောင်း စီရော်နယ်ဒိုက ဝေဖန်ခဲ့တာပါ။
နည်းပြအာမိုရင်ကတော့ စီရော်နယ်ဒိုရဲ့ ပြောစကားတိုင်းက သက်ရောက်မှုကြီးတာ မှန်ကန်ပေမဲ့ လက်ရှိ ယူနိုက်တက်အသင်းဟာ အရင်ကအမှားတွေကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်သွားတာပါ။
အသင်းရဲ့ တည်ဆောက်ပုံကအစ ပြောင်းလဲမှုတွေ လုပ်ဆောင်ထားပြီး တိုးတက်မှုတွေလည်း ရှိလာပြီဖြစ်ကြောင်း၊ အတိတ်ကဖြစ်ရပ်တွေကို မေ့လိုက်ပြီး လက်ရှိအသင်းကို ပြုပြင်ပြောင်းလဲနေတာတွေ အပေါ်မှာပဲ အာရုံစိုက်သွားဖို့လိုအပ်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။


